Showing posts with label Myself. Show all posts
Showing posts with label Myself. Show all posts

Wednesday, June 16, 2010

လူလိမ်

(၁)
ကျွန်တော်ဟာလူလိမ်တစ်ယောက်ဖြစ်နေခဲ့တယ်လို့ဘယ်တုန်းကမှမထင်ထားမိဖူးဖြစ်နေတာတောင်မသိတဲ့နောက်ဘယ်လိုဖြစ်လာသလည်းဆိုတာသိဖို့ဝေးပေါ့၊သူငယ်
ချင်းတစ်ယောက်ရဲ့ဝတ္ထုတစ်ပုဒ်မဟေသီမှာစပါလာတော့သူ့ရဲ့အယူအဆလေးတစ်ခုအတွက်ကျွန်တော်တို့တတွေသူ့ကိုဝိုင်းဂုဏ်ပြုဖူးတယ်၊ထုံးစံအတိုင်းအရက်ဝိုင်း
လေးနဲ့ပဲပေါ့၊ကျွန်တော်တို့ရောက်နေတဲ့နေရာကအရက်တစ်မျိုးပဲသောက်တာအကောင်းဆုံးပေါ့ဘာပွဲဖြစ်ဖြစ်လာခဲ့အရက်ပဲ၊သူဆိုတဲ့လူကလည်း(သူဆိုတာစာရေး
ဆရာကိုပြောတာပါ)အရက်လားဝင်ခဲ့လေတံခါးဖွင့်ထားတယ်ပဲ၊စာရေးလည်းအရက်နဲ့ရေးတဲ့လူပဲ၊ဒ့ပေမယ့်သူ့စာထဲမှာသူ့ဇာတ်ကောင်တွေအရက်မသောက်ကြဖူး၊ ကဲ..ကျွန်တော်ရာဇ၀င်လှန်နေတာနဲ့တင်ဘယ်ရောက်မှန်းမသိဖူးဖြစ်နေပြီ..ကျွန်တော်ရဲ့လူလိမ်မှတ်တမ်းက..ဒီလိုသူ့ရဲ့ဝတ္ထုနဲ့ပတ်သက်ပုံက သူ့ဇာတ်ကောင်
ကမိမရှိဖမရှိသချိုင်းမှာလာအပြစ်ခံခဲ့ရတဲ့မွေးကင်းစလူမမယ်လေး……သူ့ကိုသုဘရာဇာကြီးကမွေးစားခဲ့တယ်၊ကြီးလာတော့သူ့ရဲ့မိဘတွေကို မမုန်းအောင်လို့
သုဘရာဇာကြီးပြောခဲ့တဲ့စကားတစ်ခွန်းပေါ့….
မင်းဘယ်လိုပဲဖြစ်ဖြစ်မင်းမိဘအရင်းတွေကိုအခုမုန်းခွင့်မရှိသေးဖူးဘာလို့လည်းဆိုတော့မင်းရဲ့မိဘတွေဟာမင်းကိုသူတို့ရဲ့
အသက်ရှင်နေထိုင်ခွင့်အတွက်မင်းကိုစွန့်ပြစ်ခဲ့ရတယ်ဆိုရင်မင်းသူတို့ကိုမုန်းစရာလုံးဝမရှိပါဖူးတဲ့…….ကဲ…..ခင်ဗျားတို့ဆိုဘယ်လိုလည်းမသိဖူး….ကျွန်တော်ဆွဲယူ ပြီး
တိုင်းလိုက်တဲ့ ပေတံအရ ဒီအယူဆကိုလက်ခံလိုက်တယ်…….အဲဒီလိုပဲ ကျွန်တော် ကိုလိမ်သွားခဲ့ဖူးတဲ့လူတွေကို နားလည် တတ်လာတယ်၊ အဲဒီကစပြီးကျွန်တော်လူလိမ်စဖြစ်တော့တာပဲဗျ…ဘာလို့လည်းဆိုတော့ လူလိမ် ရဲ့သဘာဝကိုနားလည်လက်ခံအသိမှတ်ပြုခြင်းဟာ လူလိမ် ဗီဇကို မွေးမြူခြင်းပဲလေ …အဟက်…
တစ်ခုရှိတယ်ပေါ့ ကျွန်တော်တို့ကျန်တာတွေဘာမှမတွက်ကြေး….ဗီဇစိတ် အမျိုးစားဘယ်လောက်လူတစ်ယောက် မှာ ရှိသလည်းဆိုတာ….ကျိန်းသေတာ လူလိမ်ဗီဇကတော့ကျွန်တော်မှာရှိသွားတယ်ပေါ့……ဘာကြောင့် လိမ်ရတယ်ဆိုတာမှာအကြောင်းပြချက်တစ်ခုရှိကိုရှိတယ်လေ၊မည်သူတစ်ဦးတစ်ယောက်ကမှအကြောင်းမဲ့အကျိုးမဲ့လိမ်မှာမှမဟုတ်တာလိမ်ကြပြီဆိုလည်းလိမ်မှဖြစ်မယ့်
ကိစ္စမျိုးမှသာလိမ်ကြတာပါ…ဘယ်သူကမှ အလကားနေရင်းလိမ်နေမယ်ဆိုတဲ့ အယူဆမရှိတာကတော့ကျိန်းသေပါတယ်။
(၂)

ငယ်ငယ်တုန်းကအမေပေးဖတ်ဖူးတဲ့ဘာသာပြန်စာအုပ်လေးကိုမှတ်မိနေသေးတယ်အခုထက်ထိ….မောင်ထွန်းသူနဲ့တူတာပဲဘာသာပြန်သူက၊ငွေကျည်ဆန်တဲ့
လိမ်ညာရင်တိုးတက်ကြီပွားသွားတဲ့လူလိမ်တစ်ယောက်အကြောင်းပါ…ဒါပေမယ့်သူလိမ်ခဲ့တဲ့လူတွေကအကုန်လုံးလူလိမ်တွေချည်းပဲလေ၊လောကကိုမီးမောင်းတစ်
ချက်ထိုးပြထားသလိုပဲ၊အဲ……လူတွေကိုမကောင်းတဲ့ဖက်ကိုတွန်းပို့တဲ့ အဓမ္မ၀ါဒီစာအုပ်ဆိုလည်းမမှားဖူးပေါ့၊နောက် သုတစွယ်စုံထဲမှာ ပဲရစ်မျှော်စင်လိမ်ရောင်း
သွားတဲ့ လူ အကြောင်းဆိုပါစို့ အဲဒီဖြစ်ရပ်ဆိုရင်လည်း..၀ယ်သူနဲ့ရောင်းသူဘယ်သူမှားပါသလည်း၊နောက်ဆုံးလိမ်သူနဲ့အလိမ်ခံရသူကြားထဲမှာလိမ်တဲ့သူဟာအလိမ်ခံမယ့်သူ လက်ခံနိုင် တဲ့
အခြေနေရှိမှလိမ်လို့ရတာပါ။၁ရှိတဲ့လူကို၂ရအောင်သွားလိမ်လို့မရပါဖူး၊လူလိမ်တွေမှာလည်းအရည်ချင်းတော်တော်များများလိုအပ်ပါတယ် ၊၁၀ ရှိတဲ့ လူဆီက
၁ရအောင်ယူဖို့လုပ်တဲ့ဖြားယောင်းသွေးဆောင်မှု့တွေအကုန်လုံးဟာလိမ်လည်မှု့မြောက်ပါတယ်၊ဆိုပါစို့ထီထိုးခြင်းလိုမျိုးပေါ့၊အကျိုးမြတ်ရှိတဲ့ ရယူလိုခြင်းမှန်
သမျှဟာအလိမ်ခံရဖို့အတွက်အဓိကလိုအပ်မှု့ပါ၊ခုနောက်ပိုင်းမှာလိမ်ညာခြင်းဆိုတာတွေအကုန်လုံးကိုစကားလုံးပြောင်းပြီးခေါ်နေကြပါတယ် ပုံစံအမျိုးမျိုးနဲ့
ကံစမ်းမဲ ဆိုတာမျိုးတွေ၊ဘာပဲဖြစ်ဖြစ် ကျွန်တော် ဆက်လိမ်ပါဦးမယ်……

Monday, June 14, 2010

Selfish Begining

မနေ့က ကျွန်တော် စာရေးမယ်လို့စဉ်းစားမိတယ်၊post တစ်ခုလောက်ဖြစ်အောင်ရေးမယ်ပေါ့…… သေချာစဉ်းစားတော့မှ ဘယ်အကြောင်းကစရေးရမယ်မှန်းကိုမသိတာ…..ကျိန်းသေနေတာက တော့ခံစားမှု့ ကို ဖမ်းဆုပ် နိုင်စွမ်းကျသွားတာ……ဒါဟာဘ၀မှာ အကြီးကျယ်ဆုံး ဆုံးရှုံးနိမ့်မှု့၊ မိမိရဲ့ ကိုယ်တိုင်ပျောက်ဆုံး မှု့လို့ ကျွန်တော်ထင်တယ်လေ….ပြန်စဉ်းစားကြည့်မိတယ် အရင်က လို ခံစားမှု့တွေအပေါ်တရှိုက် မက်မက် ဖက်တွယ်တတ်ခြင်းဟာ ဘာကြောင့်ပျောက်ဆုံးသွားခဲ့ လည်းဆိုတာကိုပဲ၊ ကျွန်တော်မှမဟုတ်ပါဖူး ဒီကိစ္စက လူတိုင်းဖြစ်နေတတ်ကြ စမြဲအရာတစ်ခုပါ အဲဒီအချက်ကနေစပြီးတွေးမိတယ်…ကျွန်တော် စိတ္တဗေဒကို ဘာမှနားမလည်ပါဖူး…ဒါပေမယ့် ရှေ့မှာ ဒီလိုဖြစ်သွားတဲ့ ထင်ရှားတဲ့ လူတွေအများကြီးပါ၊ အဲဒီအရာဟာ တက်ကြွမှု့၊နုပျိုမှု့နဲ့ တည့် တည့်ကြီး ပတ်သက်နေပါတယ်၊ တက်ကြွမှု့ ဆိုတဲ့အရာဟာ နှိုင်းယှဉ် ချင့်ချိန်နိုင်စွမ်းကို ပမာဏ လျော့ပါးစေပါတယ်၊ ကျွန်တော် ဟာ ဂီတသမား တစ်ယောက် အရမ်းဖြစ်ချင်ခဲ့ပါတယ်၊ဖြစ်နိုင်ဖို့ လည်းကြိုးစားခဲ့ဖူးပါတယ်၊ မဖြစ်ခဲ့ပါဖူး ၊ ထားလိုက်ပါ ကျွန်တော်ဆိုလို ရင်းက ဒါက အဓိက မဟုတ်ပါဖူး ၊ ကျွန်တော် ဘယ်လို နည်းနဲ့ ခံစားမှု့ ကို ဖမ်းဆုတ်နိုင်စွမ်းပျောက်ဆုံး သွားသလည်း ဆိုတာ ပြန်သုံးသပ် ကြည့်ရုံလေးပါ၊စာလေးနည်းနည်းလောက်ရေးချင်တယ်လေ၊ကြိုးစားကြည့်တာပါ။ ကျွန်တော်မှာကျန်နေသေးတဲ့ အရာက ဘာလည်းဆိုတော့ ခုချိန်ထိ အရမ်းကြီး မရင့်ကျက်နိုင်သေးတာ ပါပဲ၊ဘာပဲဖြစ်ဖြစ် ဒါဟာ ကျွန်တော့် အတွက်တော့ အကြီးကျယ်ဆုံး မျှော်လင့်ချက် သေးသေးလေးပါ။ ဘယ်အရာတွေမှာ မရင့်ကျက်လည်းဆိုတော့ နေ့စ္စဓူဝ ကြုံတွေ့နေရတဲ့ ကိစ္စတွေရဲ့ မိမိစိတ်နဲ့ မတိုက် ဆိုင်တဲ့ကိစ္စ မျိုးတွေအပေါ်မှာ သေးသိမ်တဲ့စိတ်ဓါတ်နဲ့ ရှုံ့ချစိတ် မခံချင်စိတ်ဖြစ်နေဆဲပါပဲ၊ စိတ်ထဲမှာတနုံနုံ နဲ့ ညအိပ်ရာပေါ်အထိယူသွားနေတတ်တုန်းပါပဲ။ ဒါဟာ ဘယ်လိုပဲဖြစ်ဖြစ် ခံစားမှု့ရှိနေတဲ့သဘောပါပဲ၊အခက်ခဲက ကျွန်တော်ဒီခံစားမှု့ကို ဘယ်လို ပြန် ပြီး စာရွက်ပေါ်တင်ရမလည်းဆိုတာပဲ၊ဒါကိုကျွန်တော်နားမလည်ပါဖူး၊ တာရာမင်းဝေ ပြောသလိုပဲ စာဘယ်လိုရေးရမလည်းဆိုတဲ့ ဆိုတဲ့ ပြသနာကိုဖြေရှင်းလိုက်တာပါ၊ ဘယ်ဖက်ကနေညာဖက်ကိုစရေး ခြင်းအားဖြင့်ပေါ့၊ အခြေနေနဲ့အချိန်ခါကိုမတွက်ပဲ အကျိုးကြောင်းဆီလျော်မှု့ ကိုမတွက်ပဲ ရေးချင်တာ ကို ချရေးဖို့အရေးကြီးမယ်ထင်ပါတယ်၊ ဒါဟာနုပျိုမှု့ လို့လည်းထင်ပါတယ်၊ တက်ကြွမှု့ပေါ့….. အမှားဆိုတဲ့အရာဟာဘယ်တော့မှ ကင်းသွားမှာမှမဟုတ်တာ၊ကျွန်တော်မေ့ပြစ်လိုက်ပါတယ် အခုကစ ပြီးတော့ ကျွန်တော် ရေးသောအကြောင်းရာတို့သည် တစ်စုံတစ်ယောက်က ရေးခဲ့ပြီးတာ ဖြစ်ချင်ဖြစ်ပါ လိမ့်မယ်၊ ဒါမှမဟုတ် တူကောင်းလည်းတူနေပါလိမ့်မယ်၊ ဒါပေမယ့် ကျွန်တော် ဘယ်သောအခါမှ ဖြေ ရှင်းဖို့ ကြိုးစားစားစရာမလိုသလို၊ အရမ်းကြီး ခံစားနေစရာမလိုဖူးဆိုတာ ကိုသဘောပေါက်လာပါတယ်။ ဘာဖြစ်ဖြစ် ကျွန်တော် စာရေးလို့ရလိမ့်မယ်ထင်ပါတယ်။

Sources

CRAZY PACKS >
OPERATING SYSTEM
APPLICATION PRG LANGUAGE

"Feedburner တွင် Post များကိုဖတ်ရှု့နိုင်ပါသည်"

Don't Make As yours Own.Only You's Charged To This World As Successor

"Read Post at Feedburner"