အပန်းဖြေစခန်းက ပြန်လာတဲ့ ကားတစ်စီးဟာ လမ်းတစ်နေရာ ရွံ့အိုင်မှာ ရပ်သွားခဲ့တယ်။ ကားပေါ်က သားသားနားနား ဝတ်ဆင်ထားတဲ့
လူတစ်ဦးက ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီး
“ကျွန်တော့်ကားအောက်ထဲဝင်ပြီး ဘယ်သူ ဝက်အူကျပ်ပေးနိုင်မလဲလို့” အော်ဟစ် အကူအညီ တောင်း လိုက်တယ်။
ကားရဲ့ ဆီတိုင်ကီက ဝက်အူတစ်ချောင်း ချောင်နေပြီး ဆီတွေယိုနေခဲ့လို့
ရပ်သွားတာဖြစ်တယ်။ ဓာတ်ဆီဆိုင်နဲ့ လည်း အတန်ငယ် အလှမ်းဝေးနေတာကြောင့်
ကားပိုင်ရှင်ရဲ့စိတ်ဟာ အိုးဖုံးပူပေါ်က ပုရွက်ဆိတ်တွေလိုပဲ လှုပ်ရှားနေခဲ့တယ်။
ကားပိုင်ရှင်ဘေးက လှလှပပပြင်ထားတဲ့ အမျိုးသမီးတစ်ဦးက
“ဆုငွေရှိရင် ကူတဲ့လူ ပေါ်လာလိမ့်မယ်” လို့ပြောတော့ ကားပိုင်ရှင်ဟာ တန်ဖိုးကြီး
ငွေစက္ကူတစ်ရွက်ကို အလျှင် အမြန်ထုတ်ပြီး
“ဝက်အူကျပ်ပေးတဲ့လူ ဒီပိုက်ဆံနဲ့ ထိုက်မယ်” လို့ ပြောလိုက်တယ်။
ဝိုင်းကြည့်နေတဲ့ လူတွေထဲက လူငယ်တစ်ဦး တစ်ချက်လှုပ်သွားတယ်။ ဒါပေမယ့်
ဘေးလူတစ်ယောက်က
“ပိုက်ဆံရှိသူတွေရဲ့ စကားကို မယုံနဲ့” ဆိုပြီးလှမ်းဆွဲလိုက်တယ်။
အဲဒီအချိန်မှာ ကလေးငယ်တစ်Uီးက ထွက်လာပြီး
“ကျွန်တော် ကူမယ်” လို့ပြောလိုက်တယ်။
ကလေးငယ်က ကားအောက်ထဲဝင်ပြီး ဝက်အူကို ကျပ်ပေးလိုက်တယ်။ တစ်မိနစ်တောင်
မကြာတဲ့အချိန်နဲ့ ကားအောက်က ထွက်ပြီး ကားပိုင်ရှင်ကို
မျှော်လင့်ချက်မျက်လုံးနဲ့ ကြည့်နေခဲ့တယ်။ ကားပိုင်ရှင်က ကလေးငယ်ကို အခုနားက
ငွေကိုလှမ်းပေးမယ်အလုပ်မှာ အမျိုးသမီးက -
“ဒီငွေကို ပေးမလို့လား? အကြွေတစ်ချို့ ပဲပေးလိုက်ပါ” လို့ ဝင်ဟန့်တယ်။
ကားပိုင်ရှင်က အမျိုးသမီးဆီက ငွေအကြွေကို ယူပြီး ကလေးကိုလှမ်းပေးလိုက်တယ်။
ကလေးက မယူဘဲ ခေါင်းခါပြတယ်။ ဝိုင်းကြည့်နေတဲ့ လူအုပ်ကြားက
ဝေဖန်သံတစ်ချို့ထွက်လာတော့ ကားပိုင်ရှင်က အကြွေ တစ်ချို့ ထပ်ပေါင်းပြီး ကလေးကို
ကမ်းပေး ပြန်တယ်။ ကလေးငယ်က ခေါင်းခါပြန်တော့ စိတ်ဆိုးပြီး
“ဘာလဲ? မင်းကနည်းသေးတယ်လို့ ထင်လား? နည်းတယ်ထင်ရင် လုံးဝမပေးတော့ဘူးနော်” လို့
အော်လိုက် တယ်။
“နည်းတယ်ထင်လို့ မဟုတ်ပါဘူး။ ကျွန်တော့်ဆရာမက ပြောပါတယ်။ လူတွေကို ကူညီတာ
အကျိုးအမြတ် ရဖို့အတွက် မဟုတ်ပါဘူး” လို့ ကလေးငယ်က ပြန်ပြောတော့
“ဒါဆို မင်းဘာဖြစ်လို့ မသွားသေးတာလဲ?” ကားပိုင်ရှင်က စိတ်ပျက်လက်ပျက်
မေးပြန်တယ်။
“ခင်ဗျားဆီက ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းကို ကျွန်တော်စောင့်နေတာပါ”
လို့ ကလေးက ပြန်ပြော လိုက်တယ်။
လူအချင်းချင်းကြားက အပြန်အလှန်နားလည်မှုဟာ တော်တော်လေး ကြောက်ဖို့ကောင်းမှန်း ဒီပုံပြင်က ပြော သွားခဲ့ပါတယ်။
တူညီတဲ့ အဖြစ်အပျက်တစ်ခုမှာ ကာယာကံရှင်ဖက်က ကြည့်ရင်တစ်မျိုး၊
တစ်ခြားလူဖက်က ကြည့်ရင်တစ်မျိုး စတဲ့ အမြင်မတူတာတွေ့ ရှိတတ်ကြတယ်။
ဘာသာစကားက လူတွေကြားမှာရှိတဲ့ လွဲမှားတဲ့ နားလည်မှုကို အဆက်အသွယ်လုပ်
ပေးခဲ့တယ်။ ဒါပေမယ့် ဘာသာစကားက လူတွေရဲ့ ကြားအထင်အမြင်လွဲမှားမှုကို
တကယ်ဖြေရှင်းပေးနိုင်သလား? ဘာသာစကားနဲ့ လူတွေကြားမှာ မရှိသင့်တဲ့
အမှားတွေကို ကာကွယ်နိုင်ဖို့ လူတိုင်းမျှော်လင့်ခဲ့ကြသလား?
Showing posts with label နှလုံးသားအာဟာရ. Show all posts

Thursday, May 6, 2010
အသည်းကွဲသူ.
တစ်နေ့မှာ အသည်းကွဲသူတစ်ဦးဟာ ပန်းခြံမှာထိုင်ပြီး ငိုနေခဲ့တယ်။ ဒါကို "ဆိုကရေးတီး"ကတွေ့တော့ "ဘာဖြစ်လို့ ဒီလောက် ၀မ်းနည်းပက်လက် ငိုကြွေးနေသလဲ" လို့
မေးလိုက်တယ်။
အသည်းကွဲသူက "ကျွန်တော့်ချစ်သူ ကျွန်တော့်ကိုထားသွားလို့ အရမ်းခံစားရနေတယ်" လို့ ပြန်ဖြေတယ်။ သူ့အဖြေကို ကြားတာနဲ့ ဆိုကရေးတီးက တဟားဟား အော်ရယ်ပြီး
"မင်း တော်တော်တုံးတယ်" လို့ ပြန်ပြောလိုက်တယ်။
အသည်းကွဲသူက ကိုယ့်အဖြစ်ကို လှောင်ရယ်နေတဲ့ ဆိုကရေးတီးကို ဒေါသဖြစ်ပြီး "ခင်ဗျား ဘာရီတာလဲ.. ကျွန်တော်ဒီလောက်ခံစားနေရတာကို မနှစ်သိမ့်တဲ့အပြင်
ရီနေရသလား" လို့ ပြောတော့ "မင်းတော်တော်တုံးတယ်။ ဒါကို မင်းဝမ်းနည်းနေစရာ မလိုဘူး။ ၀မ်းနည်းရမှာက မင်းကို ထားသွားခဲ့တဲ့လူကွ.. မင်းကို မချစ်တဲ့
လူတစ်ယောက်ကိုပဲ မင်းဆုံးရှုံးသွားတာ..
သူက သူ့ကိုချစ်တဲ့ လူတစ်ယောက်ကို ဆုံးရှုံးတဲ့အပြင် လူတစ်ယောက်ကိုချစ်တဲ့ စွမ်းရည်တွေပါ ကျသွားတာ" လို့ ဆိုကရေးတီးက ပြန်ဖြေခဲ့တယ်။
ဇော်၃၅၇ မှ ကူးယူပါသည်

ကျွန်မချစ်သောကမ္ဘာမြေ (ဂျူး)
အနောက်တိုင်းကအများဆုံးစားကြတာကတော့တူနာငါးတို့ဆယ်မန်ငါးတို့ပါပဲ။
ဒါကျွန်တော်တို့ခေါ်ခေါ်နေတဲ့ဆော်လမွန်ငါးကိုသူတို့(အင်္ဂလိပ်-အမေရိကန်တွေ)
ကဆယ်မန်လို့ခေါ်ကြပါတယ်။
ဆယ်မန်ငါးတွေရဲ့သဘာဝဟာအင်မတန်ထူးဆန်းလှတယ်လို့နာမည်ကြီးတယ်။
လှလည်းလှတယ် ၊ အသားလည်းများတာမို့စားလို့လည်းကောင်းပါတယ်။
အဲဒီဆယ်မန်ငါးတွေဟာသားပေါက်ခါနီးရင်သူတို့နေရပ်ဒေသ ၊ မိုင်ပေါင်းများစွာဝေးတဲ့
မြစ်ဆီကိုပြန်ကြတယ် ။ ပင်ယ်ထဲကနေမြစ်ဆီကိုပြန်တာဆိုတော့ရေကိုဆန်ပြီးပြန်ရတာပေါ့။
အဆိုတော်ခင်ဝမ်းဆိုထားတဲ့သီချင်းလိုပေါ့။ဆော်လမွန်ငါးတို့အပြန် ဆိုတာလေ ။ အဲဒီ
ဆယ်မန်ငါးတွေ၇ဲ့ချစ်စရာအံ့သြစရာသဘာဝကိုလည်းပြောပြရဦးမယ် ။
ဆယ်မန်ငါးတွေပေါက်ဖွား၇ာဒေသဟာမြစ်တွေဖြစ်တယ်။ငါးလေးတွေအသက်ကြီးလာ
တဲ့အခါ ရေကိုဆန်ပြီးကူးခတ်ရင်းနယ်ဆန့်ရင်းနဲ့ပစိဖိတ်သမုဒ္ဒရာထဲကိုရောက်သွား
တော့တယ် ။ဟား...သမုဒ္ဒရာကြီးကအကျယ်ကြီး ၊ အကြီးကြီး ။ ရေသတ္တ၀ါပေါင်းစုံ
ကျင်လည်ကျက်စားရာခမ်းနားလှတဲ့မြို့တော်ကြီးပေါ့။အဲ့ဒီပင်လယ်သမုဒ္ဒရာအကျယ်
ကြီးထဲမှာဆယ်မန်ငါးတွေဟာတစ်နှစ်ပြီးတစ်နှစ်ကျင်လည်ကျက်စားလာရာကအချိန်
တန်အရွယ်ရောက်လို့ငါးမျိုးဆက်သစ်တွေပေါက်ဖွားရမဲ့အရွယ်ကိုလည်းရောက်ရော ။
သုံးနှစ်သား လေးနှစ်သားအရွယ်တွေပေါ့။သူတို့ဟာပင်လယ်သမုဒ္ဒရာထဲမှာသားမ
ပေါက်ကြပဲသူတို့ကိုယ်တိုင်ပေါက်ဖွား၇ာမြစ်တွေဆီကိုပြန်ကြတယ် ။
သူတိုပေါက်ဖွားရာမြစ်တွေဟာတကယ်တော့မိုင်ပေါင်းရာနဲ့ထောင်နဲ့ချီပြီးဝေးတဲ့နေရာ
မှာရှိတယ်။ဒါပေမယ့်ကိစ္စမရှိပါဘူး။သူတို့ကမြစ်ဆီကိုဦးတည်ပြီးကူခတ်ပြန်သွားတော့
တယ်။မြစ်မှာမှတခြားမြစ်မဟုတ်ဘူးနော် ။သူတို့အမှန်တကယ်ပေါက်ဖွားခဲ့ရာဒေသ
အစိတ်အပိုင်းထိအောင်ကူးသွားပါတယ် ။
မြစ်ကနေပင်လယ်ဆီကိုလာရာလမ်းမှာကရေဟာပင်လယ်ထဲဆီကိုစီးဝင်တာမို့သူတို့
အဖို့ပြဿနာမရှိနိုင်ဘူး ။ပင်လယ်ကနေမြစ်ဆီကိုပြန်တဲ့အခါကြတော့ရေစီးကိုဆန်ပြီး
ကူးရတာ။မိုင်ပေါင်းရာနဲ့ထောင်နဲ့ချီပြီးရေကိုဆန်ကူးရတဲ့ငါးတစ်ကောင်မို့ဆယ်မန်
ငါးတွေရဲ့အသားတည်ဆောက်ပုံဟာသန်မာတယ်။အသားအပြည့်ရှိတယ်လိုကဆို
ရမှာပါပဲ။
မြစ်ဆီကိုပြန်တဲ့နေရာမှာသူတို့ဟာဆင်းရဲဒုက္ခအမျိုးမျိုးနဲ့ရင်ဆိုင်ကြပါတယ်။
ကြီးနိုင်ငယ်ညှင်းဆိုတဲ့တိရိစ္ဆာန်ဥပဒေပေါ့။ငါးသေးသေးတွေကငါးကြီးကြီးတွေရဲ့အစာ
ဖြစ်တယ်။ဆယ်မန်ငါးတွေဟာအရွယ်ရောက်လာရင်နှစ်ပေသုံးပေအထိရှိတက်ကြပါ တယ်။သူတို့ထက်ကြီးတဲ့ငါးအမျိုးအစားတွေလည်းရှိတက်ကြပါတယ်။ငါဖမ်းသမားတွေ ရဲ့ပိုက်ကွန်ထဲမှာအမိခံရနိုင်သေးတယ်။အဲဒီလိုဒုက္ခတွေနဲ့လွတ်ကင်းတဲ့ကျန်ငါးတွေပဲမြစ်
ဆီကိုသူတို့နေရာဆီကိုပြန်နိုင်ကြတာပါ။ဆယ်မန်ငါးတွေဟာ(မူလပစိဖိတ်သမုဒ္ဒရာထဲမှာ
တုန်းကပေါင် ၂၀ ၊ ၂၅ပေါင်လောက်ရှိပေမယ့်)တဖြည်းဖြည်းပိန်ပြီးကိုယ်အလေးချိန်ကျ သွားတက်ကြသတဲ့။လမ်းခရီးဟာပင်လယ်ထဲမှာလိုအစားအစာမပေါများတဲ့အပြင်ကူးရ
ခတ်ရတာလည်းရေဆန်မို့မသက်သာပါဘူး။
ဒါပေမယ့်နောက်ဆုံးတော့သူတို့မွေးဖွားရာဒေသမြစ်ဆီကိုရောက်ရှိလာခဲ့ပြီ။မြစ်ရဲ့
အောက်ခြေမှာအသိုက်ဆောက်ပြီးမှာဥများကိုဥချရတာပါ။မြစ်ကြမ်းပြင်ကကျောက်တုံး လေးတွေနဲ့အသိုက်ဆောက်တာလေ။ဒါမှကျောက်တုံးလေးတွေကဥကိုကာကွယ်ပေး
ထားနိုင်မှာပါ။ဆယ်မန်ငါးတွေရဲ့ ဥဟာအရသာရှိတဲ့အတွက်ငါးဥအပြုံလိုက်ကိုစားချင်တဲ့
တခြားငါးတွေရဲ့ ရန်ကလည်းကြောက်ရသေးတာကိုး ။ဆယ်မန်ငါးမတစ်ကောင်ဟာဥ
ပေါင်းရှစ်ထောင်ကနေတစ်သောင်းထိအောင်ဥနိုင်ပါတယ် ။အဲဒီလိုဥပေးလိုက်တာနဲ့ 
ဆယ်မန်ငါးကြီးတွေရဲ့ ခရီးဟာဒီမှာတင်ပြီးဆုံးသွားတော့တယ် ။
အဲဒီအချိန်ဟာအော်တန် Autumn ဆောင်းဦးပေါက်ပေါ့ ။ဥထဲကငါးလောင်းလေးဟာ
တဖြည်းဖြည်းကြီးလာတယ် ။ဆောင်းရာသီမှာသူတို့ ဟာဥထဲမှာပဲနေကြတယ် ။
ရာသီအေးလို့ သဘာဝကဖန်တီးထားတယ်နဲ့ တူပါတယ် ။နွေဉ်ီးပေါက် spring ရာသီမှာ
တော့သူတို့ ဥထဲကနေပေါက်ကြပြီ ။မွေးခါစမှာငါးလေးတွေဟာဆယ်မန်ငါးနဲ့ မတူပါဘူး။
အနီစက်လေးတွေ၊အစင်းလေးတွေပါတယ် ။ရေထဲကပိုးမွှားလေးတွေစားပြီးရှင်သန်
ရတယ်။
ဒီလိုနဲ့ ဆယ်မန်ငါးလေးတွေဟာမြစ်ထဲမှာတဖြည်းဖြည်းကြီးလာတော့နှစ်နှစ်သားအရွယ်
လောက်ရောက်ရင်ရှစ်လက်မလောက်ရှည်လာတယ် ။အဲဒီအချိန်မှာတကယ့်ဆယ်မန်ငါး
နဲ့ တူလာပြီ ။အစင်းတွေအပြောက်တွေပျောက်ပြီးငွေရောင်တောက်ပလာပါပြီ ။
အဲဒီအချိန်မှာတော့ဆယ်မန်ငါးငယ်ဟာပျိုမျစ်တဲ့ငါးကလေးအဖြစ်သဘာဝတရားကြီးကို
စူးစမ်းရှာဖွေချင်နေပြီလေ ။မြစ်ကိုစုန်ပြီးတော့ဟိုးပင်လယ်သမုဒ္ဒရာထဲကူးခက်သွားတော့
တယ် ။အသက်လေးနှစ်လောက်ေ၇ာက်လို့ သားပေါက်ချိန်တန်ရင်မြစ်ဆီကြိုပန်လာကြ
ရောပေါ့ ။
အဲဒီလိုနဲ့ ပဲသူတို့ ဟာမြစ်ထဲမှာတစ်ခါ ၊ ပင်လယ်သမုဒ္ဒရာမှာတစ်ခါနေထိုင်ရှင်သန်ကြ
တယ် ။သူတို့ ရဲ့ ဘ၀စက်ဝိုင်းဟာဘယ်လောက်အြံသဖို့ ကောင်းလိုက်ပါသလဲဗျာ ......
စာရေးသူ - ဂျုး - ကျွန်မချစ်သောကမ္ဘာမြေ မြှပန်လည်တင်ပြခြင်းဖြစ်ပါသည် ။
အမြိမန်မာပြည်ကြီးကနေပြီးအဝေးရပ်မှာဘ၀အတွက်အောင်မြင်မှုတွေ၊
ရည်မှန်းချက်တွေအတွက်ခေတ္တထွက်ခွာသွားကြတဲ့ချစ်တဲ့သူငယ်ချင်းများအားလုံး
အရာရာအစဉ်ပြေကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးရင်း..................

Subscribe to:
Comments (Atom)