Showing posts with label နာဖြားခြင်းများအကြောင်း. Show all posts
Showing posts with label နာဖြားခြင်းများအကြောင်း. Show all posts

Sunday, October 31, 2010

မြန်မာဒုက္ခသည်နှင့် လူမှောင်ခိုကူးမှု

မြန်မာဒုက္ခသည်နှင့် လူမှောင်ခိုကူးမှု
ထိုင်းနဲ့ မလေးရှားနိုင်ငံမှာ ရှိတဲ့ မြန်မာဒုက္ခသည်များနဲ့ လူမှောင်ခိုကူး လုပ်ငန်းများအကြောင်းကို အဖြစ်မှန်အတိုင်း သိရှိနိုင်ဖို့ RFAမှ ဦးကျော်မင်းထွန်းက ကိုယ်တိုင် ကွင်းဆင်းလေ့လာ တင်ပြထားတာ ဖြစ်ပါတယ်။


ထိုင်း ဘုရင့်ရေတပ်မှ ဇန်နဝါရီ ၁၈ရက်နေ့က ထုတ်ပြန်သော နေ့စွဲမပါသည့် မှတ်တမ်းဓာတ်ပုံတွင် ထိုင်းနိုင်ငံတောင်ပိုင်း ဆီမီလန်ကျွန်းပေါ်မှာ ထိုင်းရေတပ် အစောင့်အကြပ်ဖြင့် ထားရှိသည့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် နိုင်ငံခြားသားများကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

လူမှောင်ခိုကူးမှု လက်ရှိအခြေအနေ

အခုနှစ်အစောပိုင်းက ထိုင်းနိုင်ငံရေပိုင်နက်ထဲရောက်လာတဲ့ ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေဟာ မလေးရှား ထိုင်းနယ်စပ်က ပွဲစား လူမှောင်ခိုလုပ်ငန်းတွေနဲ့ ဆက်နွယ်နေတယ်လို့ ထိုင်း၊ မလေးရှား အစိုးရတွေ အပါအဝင် အများက လက်ခံထားပါတယ်။

ဒီလို မှောင်ခိုလမ်းတွေကနေ မလေးရှားနိုင်ငံကို ဝင်ရောက်လာတဲ့ မြန်မာဒုက္ခသည်တွေ ပြောပြချက်တွေအရ ဒီလုပ်ငန်းတွေမှာ ထိုင်းနဲ့ မလေးရှား အစိုးရဝန်ထမ်းတွေပါ ပါဝင်နေတယ်လို့ သိရပါတယ်။ ဒါတွေကို မလေးရှားအစိုးရက အကြိမ်ကြိမ် ငြင်းဆို ထားပါတယ်။

ဒီအဖြစ်မှန်တွေကို တိတိကျကျ သိနိုင်ဖို့ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကို ကိုယ်တိုင်သွားရောက် လေ့လာပြီး RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက အခန်းဆက် တင်ပြပေးမှာ ဖြစ်ပါတယ်။

ထိုင်း မလေးရှား လူမှောင်ခိုကူးလုပ်ငန်းများအကြောင်း အပိုင်း (၁) မှာ ထိုင်းရေတပ်က ရိုဟင်ဂျာလှေစီး ဒုက္ခသည်တွေကို ပင်လယ်ထဲ ပြန်ပို့တဲ့အရေး ပေါ်ပေါက်အပြီး နောက်ပိုင်း လူမှောင်ခိုကူးမှု လက်ရှိအခြေအနေအကြောင်း ကိုကျော်မင်းထွန်းက စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။

လူမှောင်ခိုကူးမှုအပိုင်း (၁)
အသံဖိုင်နားဆင်ရန်
http://www.rfa.org/burmese/program_2/human_trafficking_feature.html/B0422KMH

RFAကနေ စုံစမ်းမေးမြန်းချက်တွေအရ မြန်မာနိုင်ငံဖက်ကနေ မလေးရှားနိုင်ငံကို ဒုက္ခသည်အဖြစ်လာ ရောက်ကြတဲ့ နည်းလမ်းတွေ အမျိုးမျိုးရှိတာ တွေ့ရပါတယ်။ မလေးရှားနိုင်ငံ ကွာလံလာမ်ပူမှာရှိတဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အဆိုအရ မြန်မာတွေ မလေးရှားကို အများဆုံးလာတဲ့ နည်းလမ်းကတော့ မြန်မာနိုင်ငံတောင်ဖက်စွန်း ကော့သောင်းမြို့ကနေ ထိုင်းနိုင်ငံ ရနောင်းမြို့ကို လာတဲ့ လမ်းပါလို့ သိရပါတယ်။ မြန်မာဖက်ကနေ မလေးရှားကို တရားမဝင် လာရောက်ကြတဲ့ ခရီးလမ်းတွေအကြောင်း ထိုင်းမလေးရှားနယ်စပ် လူမှောင်ခိုကူးလုပ်ငန်းတွေအကြောင်း အပိုင်း (၂) မှာ ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။

လူမှောင်ခိုကူးမှုအပိုင်း (၂)
အသံဖိုင်နားဆင်ရန်
http://www.rfa.org/burmese/program_2/human_trafficking_feature.html/B0423KMH

ရနောင်းမြို့ဟာ မြန်မာနိုင်ငံဖက်က ဝိတိုရိယအငူလို့ နိုင်ငံတကာသိတဲ့ ကော့သောင်းမြို့နဲ့ နာရီဝက် စက်လှေခရီး အကွာမှာ ရှိတဲ့ မြို့ဖြစ်ပြီး နေ့ချင်း ထိုင်းဖက်ကို လည်ပတ်နိုင်တဲ့ နယ်စပ်မြို့ ဖြစ်ပါတယ်။ ဒီလိုလည်ပတ်နိုင်တဲ့အတွက် ရနောင်းမြို့ နေ့ခင်းဖက်မှာ မြန်မာဖက်က မြန်မာနိုင်ငံသားအများအပြားကို ဈေးဝယ် အလည် မပြတ်တွေ့နိုင်တဲ့ မြို့ဖြစ်ပါတယ်။ ရနောင်းဟာ ၁၇ ရာစုကနေ ၁၈ ရာစုအထိ မလေးဘုရင်ပိုင် ဖြစ်ခဲ့တဲ့အတွက် မလေးရှားနဲ့ အများကြီး ဆက်စပ်နေတဲ့ ထိုင်းမြို့တမြို့လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာအလုပ်သမား၊ ရနောင်းပွဲစားနဲ့ မလေးရှားနိုင်ငံဆိုတာတွေဟာ ရနောင်းမြို့ခံ မြန်မာတွေ အတွက် မထူးခြားတော့တဲ့ အသုံးနှုန်းတွေ ဆိုပါတယ်။ ဒီအကြောင်းတွေကို ထိုင်းမလေးရှားနယ်စပ် လူမှောင်ခိုကူးလုပ်ငန်းတွေအကြောင်း အပိုင်း (၃) မှာ ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။

လူမှောင်ခိုကူးမှုအပိုင်း (၃)
အသံဖိုင်နားဆင်ရန်
http://www.rfa.org/burmese/program_2/human_trafficking_feature.html/B0424KMH

အပိုင်း (၄) မှာတော့ မလေးရှားနိုင်ငံ လန်ကာဝီကျွန်းက အခြေအနေတွေကို စုစည်းတင်ပြ ထား ပါတယ်။

လူမှောင်ခိုကူးမှုအပိုင်း (၄)
အသံဖိုင်နားဆင်ရန်
http://www.rfa.org/burmese/program_2/human_trafficking_feature.html/B0425KMH

အပိုင်း (၅) မှာတော့ မလေးရှားနိုင်ငံ လန်ကာဝီကျွန်းက မြန်မာရွာ ၂ ရွာ နဲ့ မလေးမြန်မာ ဆက်နွယ်မှုတွေအကြောင်း စုစည်း တင်ပြထားပါတယ်။

လူမှောင်ခိုကူးမှုအပိုင်း (၅)
အသံဖိုင်နားဆင်ရန်
http://www.rfa.org/burmese/program_2/human_trafficking_feature.html/B0426KMH

အပိုင်း (၆) မှာတော့ ငွေပေးပြီး ပြန်မရွေးနိုင်တဲ့အတွက် လူမှောင်ခိုဂိုဏ်း အကျဉ်းစခန်းမှာ ၃ လခန့် အလုပ်လုပ်ပေးခဲ့ရတဲ့ မလေးရှားရောက် မြန်မာလူငယ်တဦးရဲ့ အကြောင်း ပထမပိုင်းကို မေးမြန်း တင်ပြထားပါတယ်။

လူမှောင်ခိုကူးမှုအပိုင်း (၆)
အသံဖိုင်နားဆင်ရန်
http://www.rfa.org/burmese/program_2/human_trafficking_feature.html/B0427KMH

အပိုင်း (၇) မှာတော့ ငွေပေးပြီး ပြန်မရွေးနိုင်တဲ့အတွက် လူမှောင်ခိုဂိုဏ်း အကျဉ်းစခန်းမှာ ၃ လခန့် အလုပ်လုပ်ပေးခဲ့ရတဲ့ မလေးရှားရောက် မြန်မာလူငယ်တဦးရဲ့ အကြောင်း ဒုတိယပိုင်းကို တင်ပြထားပါတယ်။

လူမှောင်ခိုကူးမှုအပိုင်း (၇)
အသံဖိုင်နားဆင်ရန်
http://www.rfa.org/burmese/program_2/human_trafficking_feature.html/B0428KMH

အပိုင်း (၈) မှာတော့ မလေးရှားနိုင်ငံမြောက်ပိုင်း ကဒါးပြည်နယ်ထဲက ဆွန်ဂိုင်းပတ္တာနီနယ်မှာ တရားမဝင် အလုပ်လုပ်နေရတဲ့ မြန်မာဇနီးမောင်နှံနဲ့ ပုစွန်ကန်တွေအကြား အလုပ်လုပ်နေကြတဲ့ မြန်မာတွေအကြောင်း တင်ပြထားပါတယ်။

လူမှောင်ခိုကူးမှုအပိုင်း (၈)
အသံဖိုင်နားဆင်ရန်
http://www.rfa.org/burmese/program_2/human_trafficking_feature.html/B0501KMH

အပိုင်း (၉) မှာ မလေးရှားရောက် မြန်မာဒုက္ခသည်တွေ မလေးရှားနိုင်ငံထဲမှာ အကြိမ်ကြိမ် ရောင်းစားခံနေရတဲ့ ဘဝနဲ့ လူမှောင်ခို သံသရာမှာ လည်နေကြရတဲ့ အကြောင်း တင်ပြထားပါတယ်။

လူမှောင်ခိုကူးမှုအပိုင်း (၉)
အသံဖိုင်နားဆင်ရန်
http://www.rfa.org/burmese/program_2/human_trafficking_feature.html/B0502KMH

အပိုင်း (၁ဝ) မှာ ထိုင်းမလေးရှားနိုင်ငံတွေက လူမှောင်ခိုလုပ်ငန်းတွေဟာ မြန်မာနိုင်ငံကို မပြန်နိုင်တဲ့၊ မပြန်လိုတဲ့ ဒုက္ခသည် မြန်မာတွေကို အဓိက ပစ်မှတ်ထားပြီး လူကုန်ကူးလုပ်ငန်း လည်ပတ် လုပ်ကိုင်နေကြတဲ့အကြောင်း တင်ပြထားပါတယ်။

လူမှောင်ခိုကူးမှုအပိုင်း (၁ဝ)
အသံဖိုင်နားဆင်ရန်
http://www.rfa.org/burmese/program_2/human_trafficking_feature.html/B0504KMH

အပိုင်း (၁၁) မှာတော့ မလေးရှားက လူမှောင်ခိုကူးမှု ပြဿနာနဲ့ မလေးရှား အာဏာပိုင်တွေရဲ့ တုံ့ပြန်ဖြေရှင်းမှုတွေ အကြောင်းကို တင်ပြထားပါတယ်။

လူမှောင်ခိုကူးမှုအပိုင်း (၁၁)
အသံဖိုင်နားဆင်ရန်
http://www.rfa.org/burmese/program_2/human_trafficking_feature.html/B0505KMH

အပိုင်း (၁၂) မှာတော့ မလေးရှားက လူမှောင်ခိုကူးမှု ပြဿနာ ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတဲ့ အကြောင်းတွေကို နိဂုံးပိုင်းအဖြစ် တင်ပြထားပါတယ်။

လူမှောင်ခိုကူးမှုအပိုင်း (၁၂)
အသံဖိုင်နားဆင်ရန်
http://www.rfa.org/burmese/program_2/human_trafficking_feature.html/B0506KMH

Sources

CRAZY PACKS >
OPERATING SYSTEM
APPLICATION PRG LANGUAGE

"Feedburner တွင် Post များကိုဖတ်ရှု့နိုင်ပါသည်"

Don't Make As yours Own.Only You's Charged To This World As Successor

"Read Post at Feedburner"