Thursday, June 17, 2010

ကောက်ရိုးပုံဖွသူ

ခုကျွန်တော် ဘာရေးမယ်ဆိုတာ ပုံမြင်တာနဲ့ သိမယ်ထင်ပါတယ်။ ဟုတ်ပါတယ် အိုင်းစတိုင်း အကြောင်းပါ ဖတ်မိတာလေး ရေးမလို့ပါ။ တစ်ခါသော်-ကတ်သီးကတ်သတ်မေးတတ်သော ဂျာနယ်လစ် တစ်ဦးက နာမည်ကျော် အိုင်စတိုင်းကြီးကို ဤသို့အမေးရှိသည်ဆိုသတတ်….. “ဆရာကြီးခင်ဗျား၊ ဆရာကြီးနဲ့ တခြားသူတွေ ဘာကွာပါသလဲ” “နေဦး၊ ကျုပ်က ခင်ဗျားကို ပြန်မေးရဦးမယ်။ ကောက်ရိုးပုံထဲမှာ အပ်တစ်ချောင်းကျပျောက်တယ် ဆိုပါတော့။ တခြားတစ်ယောက်ကို အဲဒီ အပ်ရှာခိုင်းရင် ဘာဖြစ်မယ်ထင်လဲ….” “....ခင်ဗျာ….” “ခင်ဗျာ မနေနဲ့။ ကိုင်းပါ၊ ကျုပ်မေးခွန်းကို ကျုပ်ကပဲစဖြေပါ့မယ်။ ဒီလူကအပ်ကိုရှာမယ်။ အပ်လည်းတွေ့ပြီဆိုပါတော့…. သူဘာဆက်လုပ်မယ်ထင်သလဲ…. ဒါတော့ ခင်ဗျားဖြေ….” “အပ်ကိုတွေ့ပြီဆိုမှတော့ ပြီးပြီပေါ့ဆရာကြီး၊ ဘာဆက်လုပ်ရဦးမှာလဲ….” “ကျုပ်ဆိုရင်တော့ မပြီးသေးဘူးဗျ။ ကောက်ရိုးပုံကို ဆက်ဖွဦးမှာပဲ...” “ခင်ဗျာ… ဆရာကြီးဘာကိုဆိုလိုတာပါလဲ….” “ခင်ဗျားမေးခွန်းကိုဖြေတာလေ….” “ကျွန်တော် နားမရှင်းဘူး ဆရာကြီး” “မှတ်ထား။ သူတို့က အပ်ကိုရှာတဲ့သူ။ ကျုပ်က ကောက်ရိုးပုံဖွတဲ့သူ….. အဲဒါ ကွာတာပဲဗျ….

ဆက်ပြီးတွေး နိုင်ကြပါစေဗျာ။
http://www.zack-notes.netမှကူးယူတင်ပြပါသည်။

No comments:

Sources

CRAZY PACKS >
OPERATING SYSTEM
APPLICATION PRG LANGUAGE

"Feedburner တွင် Post များကိုဖတ်ရှု့နိုင်ပါသည်"

Don't Make As yours Own.Only You's Charged To This World As Successor

"Read Post at Feedburner"