Thursday, May 27, 2010

အန္တရာယ်ကင်း သမ္ဗုဒ္ဓေ ဂါထာတော်ကြီး

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊
ဒွါဒသဉ္စ သဟဿကေ၊
ပဉ္စဿတ သဟဿာနိ၊
နမာမိ သိရသာမဟံ။
အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊
အနန္တာ နိဗ္ဗုတာ ဇိနာ၊
တေသံ ဓမ္မဉ္စ သံဃဉ္စ၊
အာဒရေန နမာမဟံ။
နမက္ကာရာ နုဘာဝေန၊
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊
အနေက အန္တရာယာပိ၊
ဝိနဿန္တု အသေသတော။


အနက်အဓိပ္ပာယ် ဂါထာ အနက်
အဋ္ဌဝီသဉ္စ ဒွါဒသဉ္စ သဟဿကေ ပဉ္စဿတ သဟဿာနိ-- အေ၇အတွက် ပမာဏ ငါးသိန်း တစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူ ( ၅၁၂၀၂၈ ) အတိုင်းအရှည်ရှိကုန်သော၊ သမ္ဗုဒ္ဓေ စ အဆူဆူ ပွင့်တော်မူပြီးသော ဘုရားရှင်တို့အား၊ အဟံ - ဘုရားတပည့်တော်သည်၊ သိရသာ - ဦးခေါင်းအင်္ဂါ မြတ်ရတနာဖြင့်၊ နမာမိ- ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရား၊

ဂင်္ဂါ၊ - ဂင်္ဂါမြစ်ထဲ၌ ရှိကုန်သော၊ ၀ါဠုကာ - သဲပွင့်တို့သည်၊ အပ္ပကာ - နည်းသေး၏။
နိဗ္ဗုတာ - ပရိနိဗ္ဗာန် စံတော်မူပြီး၍ ငြိမ်းအေးတော်မူပြီးကုန်သော၊
ဇိနာ - ငါးမာန်အောင်မြင် ဘုရားရှင်တို့သည်၊ အနန္တာ - ဤ၍ ဤမျှ ဂဏန်းချ၍ ရေတွက်ခြင်းငှါ မစွမ်းနိုင်ပါပေ၊

အဟံ - ဘုရားတပည့်တော်သည်
တေသံ - ပရိနိဗ္ဗာန်စံတော်မူပြီးကုန်သော ဘုရားရှင်တို့၏ ၊
ဓမ္မဉ္စ - နှုတ်မြွက် ဟောဖော် တရားတော်ကို၎င်း၊
သံဃဉ္စ - တပည့်သား သံဃာတော်မြတ်ကို၎င်း၊
အာဒရေန - ရိုသေလေးမြတ်သောအားဖြင့်၊
နမာမိ - ရှစ်ခိုးပူဇော်ပါ၏ ။

နမက္ကာရာ နုဘာဝေန၊ - ဤသို့ ရှစ်ခိုးပူဇော် ဖူးမြှော်မာန်လျော့ ကန်တော့ရသော ကုသိုလ်ကံ စေတနာတို့ကြောင့်၊
သဗ္ဗေ - ခပ်သိမ်းကုန်သော၊
ဥပဒ္ဒဝေ - ဘေးရန် ဥပါဒ် မှန်သမျှတို့ကို၊
ဟိတွာ - ပယ်ဖြတ်၍၊

အနေက အန္တရာယာပိ၊ - တစ်ပါးမက များစွာကုန်သော အခြားသော အန္တရာယ် အားလုံး တို့သည်လည်း၊
အသေသတော - အကြွင်းအကြံမရှိသောအားဖြင့်၊( အကျိုးမပေးနိုင်သောအားဖြင့် )
ဝိနဿန္တု - ပြောက်ပျက်ပါစေကုန်သတည်း။


မြန်မာပြန်--

အေ၇အတွက် ငါးသိန်း တစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူ ( ၅၁၂၀၂၈ ) ကုန်သော ပွင့်တော်မူပြီးသား ဘုရားရှင်တို့အား ဘုရားတပည့်တော်ရဲ့ - ဦးခေါင်း ရတနာဖြင့် ရှိခိုးပါ၏ အရှင်ဘုရား၊
ဂင်္ဂါမြစ်ထဲမှာ ရှိနေတဲ့ သဲတွေက နည်းပါးနေပါသေးတယ်၊
ပရိနိဗ္ဗာန် စံတော်မူပြီးတဲ့ ဘုရားရှင်တွေကတော့ ဤ၍ ဤမျှ ဂဏန်းချ၍ ရေတွက်ခြင်းငှါ မစွမ်းနိုင်ပါ။

ဘုရားတပည့်တော်သည် ထိုဘုရားရှင်တွေရဲ့ တရားတော် အရိယာသံဃာ သမ္မုတိ သံဃာတော်တွေ
အားလည်း ရိုသေလေးမြတ်စွာ ရှစ်ခိုးပါ၏ ။

ဤသို့ ရှစ်ခိုးပူဇော် ဖူးမြှော်မာန်လျော့ ကန်တော့ရသော ကုသိုလ်ကံ စေတနာတို့ကြောင့်၊ ဘေးရန် ဥပါဒ် အလုံးစုံကို ပယ်ဖြတ်ပြီး သကာလ အခြားသော အန္တရာယ် အားလုံးတို့သည်လည်း၊အကြွင်းအကျံ မရှိသော
အားဖြင့် ပျောက်ပျက် လွင့်ပြယ် ပါစေကုန်သတည်း။

စစ်မှန်သော တရားတော်တို့ကို တန်ဖိုးထား အသုံးချနိုင်ကြပါစေ

No comments:

Sources

CRAZY PACKS >
OPERATING SYSTEM
APPLICATION PRG LANGUAGE

"Feedburner တွင် Post များကိုဖတ်ရှု့နိုင်ပါသည်"

Don't Make As yours Own.Only You's Charged To This World As Successor

"Read Post at Feedburner"