Thursday, May 6, 2010

ကျွန်တော် ကြောက်သော အပြုံး

ကျွန်တော် ကြောက်သော အပြုံး...။
တစ်ခါက

ဆိုကရေတီး ဆိုသော ပညာရှိကြီးဟာ ညနေခင်းလေးမှာ အပျင်းပြေ အေးအေးဆေးဆေး လမ်းလျှောက် ထွက်လာခဲ့တယ်.။ ဒီလိုနဲ့ တစ်နေရာလည်း ရောက်ရော ကလေးလေး နှစ်ယောက် ငြင်းခုန်နေတာကို သွားတွေ့သတဲ့..။
ပညာရှိဆိုသူတွေကလည်း တကယ်တော့ စပ်စုသူတွေပဲ မဟုတ်လား.။ ဒါကြောင့် ဆိုကရေးတီးကြီးက ဒီကောင်လေး နှစ်ယောက် ဘာတွေများ စပ်စုနေကြတာလဲ လို့ သွားပြီး စပ်စုလိုက်တယ်.။

“ ဟေ့ ကလေးလေး နှစ်ယောက် ဘာတွေ ငြင်းခုန် နေကြတာလဲကွ..။ ”

သူက ဒီလိုလည်း ပြောလိုက်ရော..ကလေးလေး နှစ်ယောက်က သူ့ကို တွေ့သွားပြီး တစ်ယောက်က..

“ သြော် ...ပညာရှိကြီးလို့ လူတွေ ပြောနေကြတဲ့ မစ္စတာ ဆိုကရေးတီးကိုး. ။ ကျွန်တော်တို့ နှစ်ယောက် ပြဿနာ တစ်ခုကို ငြင်းနေကြတာပါဗျာ.။ ဒါပေမဲ့ ဘယ်သူမှန်တယ် ဆိုတာ ဘယ်သူမှ မသိဘူး.။ အခုတော့ မစ္စတာ ဆိုကရေးတီး ရောက်လာတော့ အတော်ပဲ ကျွန်တော်တို့ ပြဿနာကို ဘယ်သူမှန်တယ် ဆိုတာ ဝိုင်းရှင်းပေးဗျာ.။ ၊”

ဒီတော့ ဆိုကရေးတီးက ခေါင်းငြိမ့်လိုက်ပြီး..

“ အိုကေ...။ ကောင်းပြီ..ရှင်းပေးမယ်..မင်းတို့ ပြဿနာကို ပြောပြပေတော့..။ ”

ဒီတော့ ကောင်လေး တစ်ယောက်က ပြောတယ်.။

“ ဒီလိုဗျ..။ သူနဲ့ ကျွန်တော်နဲ့ ငြင်းနေကြတယ် ။ ကျွန်တော်က ပြောတယ် နေဟာ အရှေ့ဘက်က ထွက်ခါစမှာ သိမပူဘူးဗျ...ဒါပေမဲ့ ဝင်ခါနီးမှာ အနောက်ဘက် နေကျချိန်မှာ အရမ်းပုတယ်လေ.။ ဒါကြောင့် ကျွန်တော်က ပြောတယ် နေက ထွက်တဲ့ အချိန်ထက် ဝင်တဲ့ အချိန်မှာ ကျွန်တော်တို့နဲ့ ပိုနီးတယ်....လို့..။
ဒါကို သူက ပြောတယ် ..မဟုတ်ဘူးတဲ့.။ နေက အရှေ့ဘက်က ထွက်တဲ့ အချိန်မှာ လင်းပန်းလောက် ကြီးတယ်..တဲ့.။ ညနေ နေဝင်တဲ့ အနောက်ဘက် လည်း ရောက်ရော ပန်းကန်ပြားလောက် အရွယ်ပဲ ရှိတော့တယ် တဲ့..။ ဒါကြောင့် သူက နေက ဝင်တဲ့ အချိန်ထက် ထွက်တဲ့ အချိန်မှာ ကျွန်တော်တို့နဲ့ ပိုနီးတယ် လို့ သူက ပြောတယ်..။
ဒီတော့ဗျာ..။ သူပြောတာနဲ့ ကျွန်တော် ပြောတာမှာ ဘယ်သူက ပိုမှန်လဲ.။ နေက အရှေ့က ထွက်တဲ့ အချိန်နဲ့ အနောက်က ထွက်တဲ့ အချိန် ဘယ်အချိန်မှာ ပိုပြီး ကျွန်တော်တို့နဲ့ ပိုပြီး နီးလဲဗျာ.။ မစ္စတာ ဆိုကရေးတီးက ပညာရှိကြီးဆိုတော့ ကျွန်တော်တို့ မေးတာ ဖြေနိုင်တယ် မဟုတ်လား..။ ”

ဒီလိုလည်း ကလေးလေး နှစ်ယောက်က သူုတို့ပြဿနာကို ဆိုကရေးတီး ဆီကို တင်လည်း ပြပြီးရော ပြဿနာရဲ့ အဖြစ်အပျက်ကို သိသွားတဲ့ ဆိုကရေးတီးကြီးက ကလေးလေး နှစ်ယောက်ကို ဘာမှ မပြောတော့ပဲ.။ သူ့ဖာသာ သူပြုံးပြီး ကလေးလေး နှစ်ယောက် ဦးခေါင်းလေးကို ပွတ်ပြီး လှည့်ထွက်သွားသတဲ့..။

ဒီတော့ ကလေးလေးနှစ်ယောက်က....

“ ဟာ ..ကျွန်တော်တို့ မေးတာကိုလည်း ဖြေသွားဦးလေ ။ ဘာလဲ..။ ဘာလို့လဲ မဖြေနိုင်လို့လား.။ တကယ်တော့ လူတွေက မစ္စတာ ဆိုကရေးတီး ကို ပညာရှိကြီးဆို အခုတော့ ကျွန်တော်တို့ မေးတာတောင်မှ မဖြေနိုင်ပါလား...။ ”

လို့ လှမ်းအော်ပြောသတဲ့.။ ဒါပေမဲ့ ဆိုကရေးတီးကတော့ ကလေးတွေကို ဘာမှ ပြန်မပြောတော့ပဲ.။ သူ့ဖာသာ ပြုံးပြီး ထွက်သွားပါတယ် ဆိုပဲ.။

အဖြစ်အပျက်လေးကတော့ ဒါပါပဲ.။

No comments:

Sources

CRAZY PACKS >
OPERATING SYSTEM
APPLICATION PRG LANGUAGE

"Feedburner တွင် Post များကိုဖတ်ရှု့နိုင်ပါသည်"

Don't Make As yours Own.Only You's Charged To This World As Successor

"Read Post at Feedburner"