မနေ့က ကျွန်တော် စာရေးမယ်လို့စဉ်းစားမိတယ်၊post တစ်ခုလောက်ဖြစ်အောင်ရေးမယ်ပေါ့…… သေချာစဉ်းစားတော့မှ ဘယ်အကြောင်းကစရေးရမယ်မှန်းကိုမသိတာ…..ကျိန်းသေနေတာက တော့ခံစားမှု့ ကို ဖမ်းဆုပ် နိုင်စွမ်းကျသွားတာ……ဒါဟာဘ၀မှာ အကြီးကျယ်ဆုံး ဆုံးရှုံးနိမ့်မှု့၊ မိမိရဲ့ ကိုယ်တိုင်ပျောက်ဆုံး မှု့လို့ ကျွန်တော်ထင်တယ်လေ….ပြန်စဉ်းစားကြည့်မိတယ် အရင်က လို ခံစားမှု့တွေအပေါ်တရှိုက် မက်မက် ဖက်တွယ်တတ်ခြင်းဟာ ဘာကြောင့်ပျောက်ဆုံးသွားခဲ့ လည်းဆိုတာကိုပဲ၊ ကျွန်တော်မှမဟုတ်ပါဖူး ဒီကိစ္စက လူတိုင်းဖြစ်နေတတ်ကြ စမြဲအရာတစ်ခုပါ အဲဒီအချက်ကနေစပြီးတွေးမိတယ်…ကျွန်တော် စိတ္တဗေဒကို ဘာမှနားမလည်ပါဖူး…ဒါပေမယ့် ရှေ့မှာ ဒီလိုဖြစ်သွားတဲ့ ထင်ရှားတဲ့ လူတွေအများကြီးပါ၊ အဲဒီအရာဟာ တက်ကြွမှု့၊နုပျိုမှု့နဲ့ တည့် တည့်ကြီး ပတ်သက်နေပါတယ်၊ တက်ကြွမှု့ ဆိုတဲ့အရာဟာ နှိုင်းယှဉ် ချင့်ချိန်နိုင်စွမ်းကို ပမာဏ လျော့ပါးစေပါတယ်၊ ကျွန်တော် ဟာ ဂီတသမား တစ်ယောက် အရမ်းဖြစ်ချင်ခဲ့ပါတယ်၊ဖြစ်နိုင်ဖို့ လည်းကြိုးစားခဲ့ဖူးပါတယ်၊ မဖြစ်ခဲ့ပါဖူး ၊ ထားလိုက်ပါ ကျွန်တော်ဆိုလို ရင်းက ဒါက အဓိက မဟုတ်ပါဖူး ၊ ကျွန်တော် ဘယ်လို နည်းနဲ့ ခံစားမှု့ ကို ဖမ်းဆုတ်နိုင်စွမ်းပျောက်ဆုံး သွားသလည်း ဆိုတာ ပြန်သုံးသပ် ကြည့်ရုံလေးပါ၊စာလေးနည်းနည်းလောက်ရေးချင်တယ်လေ၊ကြိုးစားကြည့်တာပါ။ ကျွန်တော်မှာကျန်နေသေးတဲ့ အရာက ဘာလည်းဆိုတော့ ခုချိန်ထိ အရမ်းကြီး မရင့်ကျက်နိုင်သေးတာ ပါပဲ၊ဘာပဲဖြစ်ဖြစ် ဒါဟာ ကျွန်တော့် အတွက်တော့ အကြီးကျယ်ဆုံး မျှော်လင့်ချက် သေးသေးလေးပါ။ ဘယ်အရာတွေမှာ မရင့်ကျက်လည်းဆိုတော့ နေ့စ္စဓူဝ ကြုံတွေ့နေရတဲ့ ကိစ္စတွေရဲ့ မိမိစိတ်နဲ့ မတိုက် ဆိုင်တဲ့ကိစ္စ မျိုးတွေအပေါ်မှာ သေးသိမ်တဲ့စိတ်ဓါတ်နဲ့ ရှုံ့ချစိတ် မခံချင်စိတ်ဖြစ်နေဆဲပါပဲ၊ စိတ်ထဲမှာတနုံနုံ နဲ့ ညအိပ်ရာပေါ်အထိယူသွားနေတတ်တုန်းပါပဲ။ ဒါဟာ ဘယ်လိုပဲဖြစ်ဖြစ် ခံစားမှု့ရှိနေတဲ့သဘောပါပဲ၊အခက်ခဲက ကျွန်တော်ဒီခံစားမှု့ကို ဘယ်လို ပြန် ပြီး စာရွက်ပေါ်တင်ရမလည်းဆိုတာပဲ၊ဒါကိုကျွန်တော်နားမလည်ပါဖူး၊ တာရာမင်းဝေ ပြောသလိုပဲ စာဘယ်လိုရေးရမလည်းဆိုတဲ့ ဆိုတဲ့ ပြသနာကိုဖြေရှင်းလိုက်တာပါ၊ ဘယ်ဖက်ကနေညာဖက်ကိုစရေး ခြင်းအားဖြင့်ပေါ့၊ အခြေနေနဲ့အချိန်ခါကိုမတွက်ပဲ အကျိုးကြောင်းဆီလျော်မှု့ ကိုမတွက်ပဲ ရေးချင်တာ ကို ချရေးဖို့အရေးကြီးမယ်ထင်ပါတယ်၊ ဒါဟာနုပျိုမှု့ လို့လည်းထင်ပါတယ်၊ တက်ကြွမှု့ပေါ့….. အမှားဆိုတဲ့အရာဟာဘယ်တော့မှ ကင်းသွားမှာမှမဟုတ်တာ၊ကျွန်တော်မေ့ပြစ်လိုက်ပါတယ် အခုကစ ပြီးတော့ ကျွန်တော် ရေးသောအကြောင်းရာတို့သည် တစ်စုံတစ်ယောက်က ရေးခဲ့ပြီးတာ ဖြစ်ချင်ဖြစ်ပါ လိမ့်မယ်၊ ဒါမှမဟုတ် တူကောင်းလည်းတူနေပါလိမ့်မယ်၊ ဒါပေမယ့် ကျွန်တော် ဘယ်သောအခါမှ ဖြေ ရှင်းဖို့ ကြိုးစားစားစရာမလိုသလို၊ အရမ်းကြီး ခံစားနေစရာမလိုဖူးဆိုတာ ကိုသဘောပေါက်လာပါတယ်။ ဘာဖြစ်ဖြစ် ကျွန်တော် စာရေးလို့ရလိမ့်မယ်ထင်ပါတယ်။
No comments:
Post a Comment